ပင်လုံသည် ပုံပြင်မဟုတ်၊ ဖခင်ဗိုလ်ချုပ်ကိုယ်တိုင် မဏ္ဍိုင်ပြုခဲ့ခြင်းဖြစ်ပါသည်။သို့သော်
ပြီးပြည့်စုံသည့် စာချုပ်တော့မဖြစ်ခဲ့။ဤကာလမှ ဒေသနှင့်ပယောဂကို ကုစားပေးနိုင်ခဲ့သည်မှာ
အမှန်ပင်ဖြစ်၏။ဗိုလ်ချုပ်အောင်ဆန်း၏ မွန်မြတ်သော စေတနာနှင့် တိုင်းရင်းသားတို့၏ဖြူစင်သောမနောတို့ကို
ပေါင်းစပ်ထားခြင်းဖြစ်သည်။ တနှစ်အတွင်းလွတ်လပ်ရေးဆိုသည့်ဆန္ဒနှင့် စက္ကူဖြူစာတန်း၏လိုအပ်ချက်ကို
ဖြည့်စွက်ရန်အတွက် တက်သုတ်ရိုက်၍ မှတ်တိုင်စိုက်ခဲ့ ရခြင်းဖြစ်ပေသည်။
ပြည်ထောင်စုမူဝါဒကို ပင်လုံက စခဲ့သည်မှန်ပါ၏။သို့သော် အားနည်းချက်တွေတပုံတပင်။တိုင်းရင်းသားအားလုံး
ရင်မခုံခဲ့ရ။ရှမ်း၊ကချင်နှင့်ချင်းတို့သာလျှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ စာဖြင့်ရေးသားထားသည့်ကတိကဝတ် (The letter of agreement) နှင့် နှုတ်ကပြောကြားခဲ့သည့်
ကတိကဝတ် (The spirit of agreement) တို့ဖြင့် သဘောတူထားခဲ့သော ပြည်ထောင်စု ပဋိညာဉ်ဖြစ်ပေသည်။
ပင်လုံမှာ ယုံတမ်းစကားတွေပြော ခဲ့ခြင်းလည်းမဟုတ်ပေ။။ကံခေသည်က ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ကြီးများ လုပ်ကြံခံလိုက်ရခြင်း ပင်ဖြစ်ပါသည်။
ပင်လုံသည် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သလို ပြည်တွင်းစစ်ကြီး၏မီးစလည်းဖြစ်ခဲ့သည်။ရင်နင့်ဘွယ်ဖြစ်ရပ်မှာ
စစ်အာဏာရှင်ကြီးများကိုမွေးဖွားပေးခဲ့ခြင်းပင်ဖြစ်သည်။ပြည်တွင်းစစ်သည် ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းခြင်းဖြစ်ပါ၏။ကိုယ်စိတ်နှစ်ပါး၏
ကြံ့ခိုင်မှုစွမ်းအားများကို ချိနဲ့ယိုင်လဲသွားစေခဲ့သည်။စစ်ဘေးရှောင်အိုးမဲ့အိမ်မဲ့များနှင့်ဆင်းရဲမွဲတေမှု၊ကလေးစစ်သားများနှင့်
အမျိုးသမီး အကြမ်းဖက်မှုများ၊စာမတတ်သူဦးရေမြင့်တက်လာခြင်းနှင့် အခွင့်အလမ်းများရှားပါးမှု။ဘိန်းစိုက်ခင်းများနှင့်
မူးယစ်ဆေးဝါး ပြဿနာ များ၊သစ်တောနှင့်သယံဇာတဆုံးရှုံးမှုများ၊ ဥပဒေမဲ့အခွန်အကောက်များနှင့်ဗိုလ်ကျစိုးမိုးသူများ၏အန္တရာယ်စသည့်
ဘေးထွက်ဆိုးကျိုးတို့ သည် တောင်တန်းဒေသရှိတိုင်းရင်းသားတို့ဌာနေများတွင် ရင်ဆိုင်တွေ့ကြုံခံစားနေရပါ၏။
ဤအခြေအနေများကိုအဆုံးသတ်နိုင်ရန်အတွက် NLD အစိုးရသစ်မှ
တာဝန်ယူရပေတော့မည်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်စာတွင် (၂၁)ရာစုပင်လုံဟူသည့်စာတန်းပါရှိသည်ကား
ထူးခြားလှပါ၏။ကြားရသူတိုင်း အူတုန် အသဲတုန်ရှိမည်ထင်ပါသည်။အေ ကြွးတင်နေသည့် ပင်လုံကတိကဝတ်များကို
တကယ်ပင်ဖြေရှင်းပေးနိုင်ပါမည်လား။သို့မဟုတ် နောက်ထပ်အကြွေးတွေများ ထပ်ပွါးသွားလေဦးမည်လားလို့
တွေးပူမိသည်။ တိုင်းရင်းသားညီနောင်များ၏ အနာပေါ်တုတ်ကျသလိုမျိုး ပိုမိုဆိုးးရွားသွားနိုင်သည့်
ပြည်တွင်းစစ်ကြီးကိုလည်း မြင်ယောင်မိပြန်ပါသည်။ ၂၁ ပင်လုံညီလာခံသည် ပြာဖုံးသည့်မီးခဲကို
ရဲရဲတောက်ပေါ်ထွက်လာစေပါလိမ့်မည်။မိခင်ဒေါ်စုသတိပြုရမည်မှာ--
ပင်လုံသည် ပြာဖုံးသည့်မီးခဲနှင့်တူ၏။ဝန်ကြီးချုပ်ဟောင်းဦးနုသည်
ထိုမီးခဲကို လွန်ခဲ့သည့်နှစ်(၃၀)ကျော်က အမှတ်မထင် တက်နင်းမိခဲ့ဘူးပေပြီ။ A BRIEF HISTORY OF THE
PARLIAMENTARY DEMOCRACY PARTY(BURMA (PDP) Burma’s Historical Facts (1962-2006) ကျမ်းစာအုပ်၏ စာမျက်နှာ(၅၃)တွင် အောက်ပါအတိုင်းဖေါ်ပြထားသည်ကို
ဖတ်ရှုနိုင်ပါသည်။
ISSUE OF RIGHT OF SECESSION AND U
NU LEFT THE PDP PARTY
Around
the end of 1972,there a problem developed among the PDP leaders and ethnic
leaders asked for the –Rights of Secession -. U Nu explained to them that it
was a national issue and he could not solve it while he was still in the jungle
fighting against the Gen Ne Win’s military regime. He explained to them that it
could only be solved after democracy was restored, and then only by seeking the
people’s consent through a referendum. Nevertheless, some of the PDP leaders
wanted to discuss the issue before the restoration of democracy.U Nu maintained
that it was like putting the cart before the horse. He continued to urge his
fellow leaders to wait until after the military regime had been expelled from
power. Other leaders wanted to discuss it and reach a decision beforehand.
Votes were lodged. U Nu lost, and as a true democrat. he accepted defeat and
resigned the leadership. When U Nu gave up the leadership of the PDP at the end
of 1972, the party was very strong . with a fighting force of over 35,000 actively
fighting on the front lines.
It
was a great setback for the PDP. Especially for those staunch PDP members who
joined the party and committed to fight under the leadership of U Nu , whose
track record of leadership was well-known and respected. Previously, it was
easy to recruit new members by using the name U Nu, a name people respected and
joined in order to work under his leadership. When he left the DPD, it become
difficult recruit new members.U Nu ,his
family,and half a dozen of his trusted followers, left for the US in the middle
of 1973. Later, he moved to India and stayed at a town called Bopal, until
1980.
ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်စစ်အာဏာရှင်ဗိုလ်နေဝင်းအားဖြုတ်ချရေးအတွက်
၁၉၆၉-ခုနှစ်သြဂုတ်လ-၂၉-ရက်နေ့မှာ ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ ဌာနချုပ်ကို ထိုင်းနိုင်ငံ
ဘန်ကောက်မြို့၊ဆွိုင်(၁၈)အမှတ်(၃၂)မှာ ဖွင့်လှစ်ခဲ့သည်။ ဘုရားဒါယကာဝန်ကြီးချုပ် ဟောင်းဦးနုကအကြီးအမှူးပြု၍ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်
မွန်ပြည်သစ်ပါတီ (NMSP)တို့ဖြင့်လက်တွဲကာ တိုင်းရင်းသား လူမျိုးပေါင်းစုံညီညွတ်ရေးနှင့်လွတ်ြေ မာက်ရေး(တညလ)အဖွဲ့တည်ထောင်ပြီး
လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ချိန်ကဖြစ်သည်။ တော်လှန်ရေးအရှိန်အဟုန်အားကောင်းနေဆဲမှာပင်
ပြဿနာမေးခွန်းတခု ဝင်ရောက်လာပါသည်။ တိုင်းရင်းသားခေါင်းဆောင်များ၏ ခွဲထွက်ပိုင်ခွင့်
မေးခွန်းကို ဦးနုမဖြေဆိုနိုင်ခဲ့ပေ။သူ၏ဦးတည်ချက်မှာ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဒီမိုကရေစီပြန်လည်
တည် ဆောက်ရေးသည် ပထမ၊တိုင်းရင်းသားအရေးသည် ဒုတိယဖြစ်သည်။ဦးနုကံမကောင်းခဲ့ပေ။ပြာဖုံးထား
သည့်မီးခဲကို တက်နင်းမိချေပြီ။ ၁၉၇၂-ခုနှစ်တွင် တိုင်းရင်းသားများ အရေးကို မဲခွဲဆုံးဖြတ်ရာတွင်
အရှုံးပေးလိုက်ရပြီးနောက် ပါတီမှ နှုတ်ထွက်ခဲ့ရသည်။ ဦးနု၏လက်နက်ကိုင်တော်လှန်ရေးသည်လည်း တစတစဆွေးမြေ့ပျက်သုဉ်းခဲ့ရလေ၏။
ထိုနည်းအတူ
မြန်မာပြည်ကွန်မြူနစ်ပါတီသည်လည်း ရှမ်းပြည်မြောက်ပိုင်းမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရသည်။အကြောင်းရင်းခံသည်
လည်း လူမျိုးရေးပင်ဖြစ်သည်။ရှစ်ဆယ့်ရှစ်အရေးတော်ပုံကိုစစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်မြောက်ပိုင်း
SSA ဒေသမှတဆင့် ရောက်ရှိလာသည့် မန္တလေးတက္ကသိုလ်ရူပဗေဒဌာနမှ ဆရာကိုကျော်စိုးခေါင်းဆောင်သော
ကျောင်းသားလူငယ်(၄၀)ကျော်ကို ဗကပဌာနချုပ်မှာ စစ်ရေး၊နိုင်ငံရေးသင်တန်းများ ပို့ချပေးပြီး
ဒီမိုကရေစီပြည်ချစ်တပ်မတော် Democracy Patriotic Army (DPA) အဖြစ် တည်ထောင်ခဲ့စဉ်က
ဖြစ်သည်။၉-၉-၈၉-နေ့တွင် စတင်ဖွဲ့စည်းသော(DPA)အခြေအနေကောင်းလာပါက လက်နက်တသောင်းအထိ တပ်ဆင်ပေးဖို့
ဗကပ၏ဆုံးဖြတ်ချက်မှာ ပြဿနာဖြစ်လာခဲ့၏။ ထိုစဉ်က
ဗကပပါတီဝင်ကိုးကန့်နှင့် ဝ လူမျိုးတို့သည် ဗကပဌာနချုပ်တွင် ဗမာတွေအမြောက်အများကို လက်နက်တပ်ဆင်ပေးပါက
ဗမာတွေကြီးစိုးလာပြီး ဌာနေတိုင်းရင်းသားတို့၏ နိုင်ငံရေးအခန်းကဏ္ဍမှာ တဖြည်းဖြည်းလျောကျသွားစေပါလိမ့်မည်ဟု
ယူဆကာ စိုးရိမ်ပူပန်ကြပြန်ပါသည်။ဤတွင် ပြာဖုံးနေသောမီးခဲသည် ရဲရဲတောက်လာ ပါတော့၏။ စိုးရိမ်စိတ်ကို
အချိန်သိပ်ဆွဲထားလို့မရနိုင်ချေ။ ဝ နှင့်ကိုးကန့်တို့သည် ဗကပကို ပုန်ကန်ခြာနား၍ မောင်းထုတ်လိုက်ကြ
ပါတော့သည်။ ဗကပ၏ ပန်းတိုင်သည် လူတန်းစားညီမျှရေးဖြစ်သည်။ သူ့မှာ လူမျိုး၊ဘာသာမရှိ၊လူဖြူလူမဲလည်းမခွဲခြားပေ။
လူတန်းစားညီမျှသွားပြီဆိုပါလျှင် လူမျိုးရေးပြဿနာသည်လည်း အလိုအလျောက် ချုပ်ငြိမ်းသွားရပါလိမ့်မည်ဟုဆိုသည်။သို့တစေ
တိုင်းရင်းသား ညီနောင်တွေက ဘဝင်မကျပါချေ။ တိုင်းရင်းသားလူမျိုးများကမူ ဒီမိုကရေစီသည်
ဒုတိယပြဿနာဖြစ်သည်။ထိုနည်းတူ လူတန်းစားညီမျှရေးသည်လည်းပဓာနမကျ၊ ၎င်းတို့၏ ပြည်နယ်ကို ၎င်းတို့ကိုယ်တိုင်
၎င်းတို့စိတ်ကြိုက် ဥပဒေရေးဆွဲပြဌာန်းပိုင်ခွင့်နှင့် ၎င်းတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည်သာ
နံပါတ်တစ်ပြဿနာဖြစ်သည်ဟု သံဓိဌာန်ပြုထားကြပြီးဖြစ်ပါ၏။
ပြည်တွင်းစစ်သည်
လူမျိုးရေးဖြစ်သည်။ ဒီမိုကရေစီအရေးနှင့်လူမျိုးရေးတို့ မဟာမိတ်မဖြစ်ကြသည်မှာ စိတ်လေစရာပင်ဖြစ်ခဲ့၏။
အတိတ်၏ ဆိုးမွေမှ ဖြစ်ဖျားခံလာခြင်းဖြစ်ပေမည်။ မကြာမှီရောက်ရှိလာတော့မည့်ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြာဖုံးသည့်မီးခဲသည် ရဲရဲတောက် ပေါ်ပေါက်လာဖွယ်ရှိနေပါသည်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားကြသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့၏
မူလဘူတဝေဒနာသည် စစ်မှန်သောဖက်ဒရယ်ပြည် ထောင်စုအခြေခံဥပဒေပြုရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေးတို့ဖြစ်သည်။
ရှင်းလင်းစွာဆိုရပါလျှင် ဗမာတွေကြောက်သည့် စစ်မှန်သောဖက်ဒရယ်မူသည် ငြိမ်းချမ်းရေးခမ်းမဆောင်ထဲသို့
ဦးခေါင်းမော့ကာ တကျော့ပြန် လာပါဦးမည်။
လက်နက်ကိုင်တိုင်းရင်းသားတို့၏ဦးတည်ချက်ကို
နားလည်ရန် ကျနော်ပျက်ကွက်ခဲ့သည်။သမိုင်းမသိ၍ အ သည်လည်းဖြစ်နိုင်ပါ၏။ ကျနော်၏ယုံ ကြည်ချက်သည်
ဒီမိုကရေစီဖြစ်သည်။ မြန်မာ့အရေးတွင် ဒီမိုကရေစီသည်သာအဓိကဟု ယူဆခဲ့မိသည်။ ရာနှုန်းပြည့်မမှန်
သေးပေ။ တိုင်းရင်းသားတို့အရေးကို ပေါ့ပေါ့တန်တန်သဘောထားခဲ့သည်မှာသေချာပါသည်။ပြည်တွင်းစစ်ကို
အမြစ်လှန်၍ ကြည့်မိသောအခါ စိတ်မရွှင်စရာတွေကို သိခွင့်ရပေပြီ။ဒီမိုကရေစီသည် အဖြေမှန်မဟုတ်သေး။
လူနည်းစုအခွင့်အရေးကို ဒီမိုက အလေးမထားပေ။လူမျိုးကြီးများ၏အသုံးတော်ခံဘဝဖြစ်သည်ဟု လူနည်းစုတို့ကရှုမြင်ထားသည်။
ဤပြာဖုံးသည့်မီးခဲကို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သို့ မည်ပုံ ကိုင်တွယ်ပါမည်နည်း။ညောင်မြစ်တူးလျှင်
ပုတ်သင်ဥတွေပေါ်လာ ပေတော့မည်။ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံကို သမီးဖြစ်သူ၏ ဆက်လက်တာဝန်ယူမှုသည်
အစဉ်အလာအားဖြင့်မွန်မြတ်လှပါပေ သည်။ သို့တစေ ပြည်တွင်းစစ်ရေးကို နိုင်ငံရေးနည်းတခုတည်းဖြင့် ဖြေရှင်းနိုင်ပါမည်လော။ ပြည်ထောင်စုကြီးမပြိုကွဲရေးသည်
အဓိကလော။ ငြိမ်းချမ်းရေး၈ျိုးငှက်သည် စစ်ခမောက်အောက်သို့ ရောက်သွားလေမည်လော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မေတ္တာစေတနာဖြင့်
ထိုပြာဖုံးသည့်မီးခဲကို ငြိမ်းသတ်နိုင်ပါမည်လော၊ ရင်မောစွာဖြင့်စောင့်ကြည့်ရပေဦးတော့မည်။
သေချာသည်မှာ မယ်ခေါ်ရာသို့ မောင်တို့လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါလျှင်
ပြည်ထောင်စုကြီး၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရတနာရွှေမိုးငွေမိုးတို့ကား ရွာသွန်းဖြိုးရန်
အမှန်ပင် အဆင်သင့် ရှိနေသည်ကို ကောင်းစွာသတိမူ
အပ်သင့်ကြပေသည်။ အပ္ပမာဒေနသမ္ပာဒေထ။
IDEAvif;vif;
14/6/2016
FUTURX TINING TINING FORD EDGE TINING TINING
ReplyDeleteShop for titanium nipple jewelry FUTURX TINING TINING TINING TINING titanium price per pound TINING TINING TINING TINING TINING ford edge titanium for sale TINING TINING TINING nano titanium by babyliss pro TINING TINING TINING TINING TINING black titanium TINING TINING TINING