လက်နက်ကိုင်တိုင်းရင်းသားလူမျိုးများ၏ရည်မှန်းချက်သည်
မှန်းချက်နှင့် နှမ်းထွက်မကိုက်သေးပေ။တိုက်ရိုက်အကျိုး ဖြစ်ထွန်းသည် မှာ စစ်အာဏာရှင်စနစ်ဖြစ်နေသည်။ယနေ့ဂုဏ်ယူဝင့်ကြွား၍လေထွားနေသည်မှာ
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်တည်း။ မြန်မာ့ကြည်း၊ရေ၊လေတပ်မတော်အင်အားရှိရေးအတွက်
ပြည်သူတွေ ထမင်းတနပ်လျှော့စားပေးခဲ့ရသော်လည်း လက်တွေ့ အကျိုးထူးခံစားနေရသူများမှာ စစ်ဗိုလ်ချုပ်ကြီးများနှင့်ဆွေတော်မျိုးတော်များ၊တန်ခိုးထွားနေသည့်
တရုပ်ပေါက်ဖေါ်ကြီး များ၊ စည်ပင်သာ ယာဝပြောနေကြသည့်ကုလားကြီးများ၊ တိုင်းရင်းသားပေါင်းစုံတို့က
အလုပ်အကြွေးပြုနေရသည့်ထိုင်းနိုင်ငံသူနှင့် နိုင်ငံသားများသာဖြစ်ပေ သည်။ ဗမာအပါအဝင်
ကချင်၊ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင်၊ရှမ်းနှင့် အခြားတိုင်းရင်းသားအားလုံးသည် စစ်ကျွန်၊ခရိုနီကျွန်နှင့်
အရင်းမပါ သည့် အမြတ်ကြီးစားလူ့ကပ်ဖားများ၏ကျွန်အဖြစ် နွံနစ်ခဲ့ကြရပေသည်။ ပြည်တွင်းစစ်ကားဖြစ်ပွား
နေဆဲပင်။စစ်အာဏာရှင်နှင့်လက်နက်ကိုင်တော်လှန်ရေးသည် ဂျာအေးကိုသူ့အမေရိုက်သည့် ပုံပမာ
သံသယာလည်နေပင်။ ကျနော်တို့တိုင်းပြည်၏ကံကြမ္မာသည် လက်နက်ကိုင်သူတို့ထံတွင် တည်ရှိနေဆဲဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် ပူးပေါင်းပါဝင်ညှိနှိုင်းအဖြေရှာနေကြ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
ဆက်လက်တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အခြေအနေကို လေုလာကြည့်မိရာမှ့
လူနည်းစုအခွင့်အရေးများကို သတိထားမိသည်။ ကျနော့်နည်းတူ မြန်မာဟူသမျှ သိထားရမည်ဖြစ်ပေသည်။အရှိကိုသိထားပါက
မြန်မာ့အရေးကို မှန်ကန်စွာတွေးဆနိုင်ပါလိမ့်မည်။ယနေ့မြန်မာ့အရေး သည် မြန်မာဟူသမျှတို့က
ဝိုင်းကူရမည့်အခြေအနေပင်ဖြစ်ပေသည်။ဤအခါသမယတွင် ကျနော်လေ့လာမှတ်သားထားသည်မှ အကျဉ်းမျှ
-ဖေါ်ပြအပ်ပါသည်။ပိုမိုပြည့်စုံစွာသိရှိလိုပါက www.mmpeacemonitor.org `& www.bnionline.net တို့တွင် ဝင်ရောက်၍ အားပေးကြည့်ရှုနိုင်ပါသည်။
ဆက်လက်တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ--------
၁။
(AA) Arakan Army
ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ် ဧပြီလ(၁၀)ရက်တွင် စတင်တည်ထောင်ပြီး
ယာယီဌာနချုပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိမ်းချုပ်နယ်မြေမှာ ထားရှိသည်။
စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကဦးဆောင်၍ အင်အား (၂၀၀၀+)ဖြင့်
ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) ထိန်းချုပ်ရာဒေသတွင်လှုပ်ရှားလျှက်ရှိပါသည်။

၂။
(ASA) Arakan State Army ရခိုင်ပြည်တပ်မတော်ကို ၂၀၁၀-ခုနှစ်တွင်တည်ထောင်ပြီး
ဌာနချုပ်ကို (DKBA) ထိမ်းချုပ်ရာ ဒေသတွင်ထာရှီသည်။
ဗိုလ်မှူးကြီးမိုးထွေး(ခေါ်)မာန်ဇံဝေ (GOC-ရက္ခိုင့်တပ်မတော် ကဦးဆောင်၍ အင်အား
(၁၅၀)ဖြင့် ကရင်ပြည်နယ် အတွင်းမှာ လှုပ်ရှားလျှက်ရှိပါသည်။

၃။
(KIO) Kachin Independence
Organization ကချင်လွတ်မြောက်ရေးအဖွဲ့ကို
ဖေဖေါ်ဝါရီလ ၅-ရက် ၁၉၆၁-ခုနှစ်တွင်စတင်တည်ထောင်ပြီး ဌာနချုပ်ကို ကချင်ပြည်နယ်
လိုင်ဇာတွင် ထားရှိသည်။ဥက္ကဌ လန်ယော်ဇောင်းဟရား ကဦးဆောင်း၍ အင်အား(၁၀,၀၀၀)ဖြင့်
ကချင်ပြည်နယ်တဝှမ်းနှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများမှာ လှုပ်ရှားလျှက်ရှိပါသည်။

၎။
Kuki National
Organization- Burma ကူကီးအမျိုးသားအစည်းအရုံး(မြန်မာပြည်) ကို ဇူလိုင်လ(၂၈)
ရက်နေ့ ၂၀၁၃-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို ရွှေ့ပြောင်းရပ်တည်ထားသည်။
ဥက္ကဌ ပူးလက်လမ်း ကဦးဆောင်၍ ခန့်မှန်းအင်အား(၂၀၀+)ဖြင့် အိန္ဒိယ မြန်မာနယ်စပ်
တွန်းဇံ၊တမူး၊မြို့သစ်၊ဟုမ္မလင်း၊လေရှီးနှင့်ခန္တီးဒေသများတွင်
လှုပ်ရှားလျှက်ရှိပါသည်။

၅။
(TNLA)Ta'ang National
Liberation Army တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ၁၉၉၂-ခုနှစ်
ဇန်နဝါရီလတွင် စတင်တည်ထောင်ပြီး ရွှေ့ပြောင်ဌာနချုပ်အဖြစ်
ရပ်တည်ထားသည်။ဗိုလ်မှူးချုပ်တာအိုက်ဖုန်း ကဦးဆောင်၍ ခန့်မှန်းအင်အား (၄,၅၀၀+)ဖြင့်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ကျောက်မဲ၊သီပေါ၊ကွတ်ခိုင်၊နမ္မတူ၊
မန်တုံ၊နမ့်ခမ်း၊မူဆယ်၊ Hsenwi ၊နမ့်ဆမ်၊မိုးကုတ်၊မိုးမိတ်ဒေသများတွင်
လှုပ်ရှားလျှက်ရှိပါသည်။

၆။
National Democratic
Alliance Army - Eastern Shan State (NDAA) အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး
တပ်မတော် - ရှမ်းပြည်နယ် အရှေ့ပိုင်းကို ၁၉၈၉-ခုနှစ်တွင် စတင်တည်ထောင်ပြီး
ဌာနချုပ်ကို ရှမ်းပြည်နယ်မိုင်းလားတွင် ထားရှိသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်လာသောအဖွဲ့ဖြစ်သည်။
ဥက္ကဌဖြစ်သူဦးစိုင်းလင်း(ခေါ်)လင်မင်းရှန်(LinMingxian) ကဦးဆောင်၍ အင်အား(၄,၅၀၀+)ဖြင့် ရှမ်းပြည်အရှေ့ပိုင်း
မိုင်းလား အထူးဒေသ-၄-နယ်မြေမှာ လှုပ်ရှားလျှက်ရှိပါသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်စိန်အစိုးရ၏
Nationwide Ceasefire Agreement (NCA)
၇။
(ABSDF) All Burma Students Democratic Front
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကို
၁။၁၁။၁၉၈၈-ခုနှစ်တွင်စတင်တည်ထောင်ပြီးဌာနချုပ်ကိုကရင်အမျိုးသားအစည်းအရုံး(KNU)ထိမ်းချုပ်ဒေသနှင့်
ကချင်လွတ်မြောက် ရေးတပ်မတော်(KIA)ထိမ်းချုပ်ဒေသတွင်
ထားရှိသည်။ဥက္ကဌဦးသံခဲကဦးဆောင်ပြီး အင်အား(၄၅၀+)ဖြင့်လှုပ်ရှား လျှက်ရှိပါသည်။

၈။
(ALP) Arakan Liberation Party ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ဧပြီလ(၉)ရက်
၁၉၆၇--ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို
အိန္ဒိယနယ်စပ်တွင်ထားရှိသည်။ဥက္ကဌဦးခိုင်ရဲခိုင်ကဦးဆောင်၍` အင်အား (၁၀၀) နှင့်
ပါတီဝင်(၂၀၀၀)ခန့်ရှိသည်။ ရခိုင်ပြည်နယ်မောင်းတောဒေသနှင့် ကရင်ပြည်နယ်တို့မှာ
လှုပ်ရှားလျှက်ရှိပါသည်။

၉။
(CNF) Chin National Front ချင်းအမျိုးသားတပ်ဦးကို ၂၀-၃-၁၉၈၈-ခုနှစ်တွင်
စတင်တည်ထောင်ပြီး ဌာနချုပ်ကို ချင်းပြည်နယ်
ထန်တလန်မြို့နယ်ဗစ်တိုရိယစခန်းတွင်ထားရှိသည်။ခေါင်းဆောင်ဖြစ်သူ ပူ
ထန်နန်းလျံထန်ကဦးဆောင်၍အင်အား (၂၀၀) ဖြင့်
ချင်းပြည်နယ် တီးတိန်နှင့် မတူပီဒေသတို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၀။
(KNU) Karen National Union ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇-ခုနှစ်တွင်
စတင်တည်ထောင်ပြီး ရွှေ့ပြောင်းဌာနချုပ်အဖြစ်တည်ရှိသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကဦးဆောင်၍ အင်အား (၅,၀၀၀+)ဖြင့် ကရင်ပြည်နယ်
သံတောင်၊
တောင်ငူ၊ညောင်လေးပင်၊လှိုင်းဘွဲ၊ဖားအံ၊ကော့ကရိတ်၊ကြာအင်းဆိပ်ကြီး၊ကျိုင်းတုံနှင့်တနင်္သာရီမြောက်ပိုင်းဒေသတို့မှာ
လှုပ်ရှားလျှက် ရှိပါသည်။

၁၁။
(KPC) KNU/KNLA Peace Council
(ငြိမ်းချမ်းရေးကောင်စီ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကို ဇန်နဝါရီလ-၃၁-ရက်၂၀၀၇-ခုနှစ်တွင်
စတင်တည်ထောင်ပြီး ဌာနချုပ်ကို ကော့ကရိတ်မြို့နယ် ထိုးကော့ကိုးတွင် ထားရှိသည်။
ဇိုလ်ချုပ်ဌေးမောင်(ဗိုလ်ချုပ်ထိန်မောင်)ကဦးဆောင်၍အင်အား(၂၀၀-)ဖြင့် 
ကရင်ပြည်နယ် နော်တီရဲ၊ထူးကော်ကိုးနှင့် ကော့ကရိတ်ဒေသ တို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၂။
Karenni National Progressive Party (KNPP) ကရင်နီအမျိုးသား တိုးတက်ရေးပါတီကို
၁၉၅၇-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို
ကယားပြည်နယ်(ကရင်နီပြည်နယ်)ရှားတောမြို့နယ် ညာမူးတွင်ထားရှိသည်။ ဥက္ကဌ အေဘယ်တွိဒ်
ကဦးဆောင်၍ အင်အား(၆၀၀+)ဖြင့် လွိုင်ကော်၊ရှားတော၊ဖရုဆိုးနှင့်
ဒီမောဆိုးဒေသတို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၃
Klohtoobaw Karen Organization(KKO) အဖွဲ့အမည်ရ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် Democratic
Karen Benevolent Army ကို
၈။၁၁။၂၀၁၀-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို မြဝတီမြို့နယ် ဆုံဆည်းမြိုင်
ထားရှိသည်။ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးစောလားပွယ်(ခေါ်)နှုတ်ခမ်းမွှေးကဦးဆောင်ပြီး အင်အား(၁,၅၀၀+)ဖြင့် ကော့ကရိတ်၊
ကြာအင်းဆိပ်ကြီး၊မြိုင်ကြီးငူ၊လှိုင်းဘွဲ၊ဘုရားသုံးဆူနှင့်မာနယ်ပလောဒေသတို့မှာ
လှုပ်ရှားလျှက်ရှိပါသည်။

၁၄။
National Democratic Alliance Army - Eastern
Shan State (NDAA) အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော် - ရှမ်းပြည်နယ်
အရှေ့ပိုင်းကို ၁၉၈၉-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို
ရှမ်းပြည်နယ်မိုင်းလားတွင် ထားရှိသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်လာသောအဖွဲ့ဖြစ်သည်။
ဥက္ကဌဖြစ်သူဦးစိုင်းလင်း(ခေါ်)လင်မင်းရှန်(LinMingxian) ကဦးဆောင်၍ အင်အား(၄,၅၀၀+)ဖြင့် ရှမ်းပြည်အရှေ့ပိုင်း
မိုင်းလား အထူးဒေသ-၄-နယ်မြေမှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၅။
(NMSP) New Mon State Party မွန်ပြည်သစ်ပါတီကို ၁၉၅၈-ခုနှစ်ဇူလိုင်လတွင်
စတင်တည်ထောင်ပြီး ဌာနချုပ်ကို
ရေးချောင်းဖျားတွင်ထားရှိသည်။ ဥက္ကဌနိုင်ထောမွန်ကဦးဆောင်၍ အင်အား (၈၀၀+နှင့် အရံ
၂,၀၀၀) ခန့်ဖြင့် သထုံ၊ပေါင်၊ချောင်းဆုံ၊၊မော်လမြိုင်
ဖားအံ၊ကော့ကရိတ်၊ကြာအင်းဆိပ်ကြီး မုဒုံ၊သံဖြူဇရပ်၊ရေး၊
ရေဖြူ၊ဘုရားသုံးဆူ၊မြိတ်၊ထားဝယ်နှင့် ကျိုက်မရောဒေသတို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၆။
(NSCN-K) National Socialist Council of Nagaland နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီကို
ဇန်နဝါရီလ(၁)ရက်နေ့ ၁၉၈၀-ခုနှစ်တွင် စတင်တည်ထောင်ပြီး ရွှေ့ပြောင်းဌာနချုပ်အဖြစ်ရပ်တည်သည်။အက်စ်အက်စ်
ကပ်ပလန်(Q Kaplan)ကဦးဆောင်ပြီး အင်အား(၅၀၀-)ဖြင့် စစ်ကိုင်းတိုင်း
လဟယ်၊လေရှီး၊ခန္တီး၊နန်းယွန်းဒေသတို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

၁၇။
(PNLO)
Pa-Oh National Liberation Organization ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး
တပ်မတော်ကို ၂၀၀၉-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုမုန်းရှိ လေဗွားစခန်းမှာထားရှိသည်။ခေါင်းဆောင်
ခွန်မြင့်ထွန်းကဦးဆောင်၍အင်အား(၄၀၀+)ဖြင့်ရှမ်းပြည်နယ်ရှိ ဟိုပုန်း၊ဆီဆိုင်၊ နန့်ဆမ်၊လင်းခေး
နှင့်မောက်မယ်ဒေသတို့မှာ လှုပ်ရှား လျှက်ရှိပါသည်။

၁၈။
(RCSS) Restoration Council of
Shan State/Shan State Army သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကို
၁၉၆၄-၁၉၉၆-ခုနှစ်တွင် စတင်တည်ထောင်ပြီး ဌာနချုပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း
လွယ်တိုင်းလန်းဒေသတွင် ထားရှိသည်။ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် ကဦးဆောင်၍
အင်အား(၈,၀၀၀+)ဖြင့် ရှမ်းပြည်နယ်
မိုင်းပန်၊မိုးနဲ၊လဲချား၊ကွန်ဟိန်း၊ရပ်စောက်၊မောက်မယ်၊မိုင်းကောင်း၊နမ့်ဆန်၊ကျောက်မဲနှင့်နမ့်ခမ်းဒေသတို့မှာ
လှုပ်ရှားလျှက်ရှိပါသည်။

၁၉။
(SSPP) Shan
State Progress Party/Shan State Army သျှမ်းပြည်တိုးတက်ရေးပါတီနှင့်
(သျှမ်းပြည်တပ်မတော်-မြောက်ပိုင်း)ကို ၁၉၆၄-၁၉၈၉-ခုနှစတွင် စတင်တည် ထောင်ပြီး
ဌာနချုပ်ကို သျှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြိုနယ်
ဝမ်ဟိုင်းဒေသတွင်ထားရှိသည်။ဒုဗိုလ်ချုပ်ကြီး ပန်ဖ ကဦးဆောင် ၍အင်အား(၈,၀၀၀+)ဖြင့်
ရှမ်းပြည်နယ်
နမ့်ခမ်း၊လန်ခို၊ကျောက်မဲ၊သီပေါ၊မိုင်းရှူး၊တန့်ယန်း၊မုန်းယိုင်၊ကျေးသီးနှင့်လာရှိုးဒေသတို့မှာ
လှုပ်ရှားလျှက်ရှိပါသည်။

၂၀။
(UWSP) United Wa State Party ဝ
ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝ-ပြည်သွေးစီးညီညွတ် ရေးတပ်မတော်(UWSA)ကို
၁၉၈၉-ခုနှစ်တွင် စတင် တည်ထောင်ပြီး ဌာနချုပ်ကို ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခန်း)တွင်
အခြေစိုက်သည်။ခေါင်းဆောင်ပေါက်ယူချမ်း (Bao You Xiang) ကဦးဆောင်၍ခန့်မှန်းအင်အား(၃၀,၀၀၀)အရံအင်အား(၁၀,၀၀၀)ဖြင့်
ရှမ်းပြည်မြောက်ပိုင်းပန်ဆန်း၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊
မိုင်းပေါက်၊မိုင်းယန်း၊ဟိုပန်ဒေသတို့မှာ လှုပ်ရှားလျှက်ရှိပါသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)
၂၁။
(UNFC)United
Nations Federal Council ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ သည် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ဝင်(၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် နောက်အကျဆုံးသော တပ်ပေါင်းစု
ဖြစ်သည်။(၁)ချင်း
အမျိုးသားတပ်ဦး (CNF)၊(၂)-ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)၊(၃)- ကရင် အမျိုးသား အစည်းအရုံး
(KNU)၊(၄)- ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊(၅)- မွန်ပြည်သစ်ပါတီ (NMSP)၊(၆)သျှမ်းပြည်
တိုးတက်ရေးပါတီ (SSPP/SSA)၊(၇)-လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊(၈)- ရခိုင် အမျိုးသားများ
ညီညွတ်ရေးပါတီ(NUPA)/ ရခိုင်အမျိုးသား ကောင်စီ (ANC) ၎င်းတွင် ရခိုင်ပြည် လွတ်မြောက်ရေး
ပါတီ (ALP) လည်း ပါဝင်သည်၊(၉) ပအိုဝ်း အမျိုးသား
လွတ်မြောက်ရေး အဖွဲ့ (PNLO)၊(၁၀)-ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအောင်း(န်)
အမျိုးသား လွတ်မြောက်ရေးပါတီ (TNLA)၊ (၁၁)- ဝအမျိုးသား အစည်းအရုံး (WNO)တို့ဖြစ်ပါသည်။

(UNFC သည် ယခင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖွဲ့သည်းခဲ့သည့်
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။
လတ်တလောအားဖြင့် UNFC သည် ညီညွတ်သော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် တပ်ဦးတစ်ခု
အနေဖြင့် အစိုးရနှင့် စကားပြောရန် လှုံ့ဆော်နေသည်။ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း
သူတို့၏ တောင်းဆိုချက်များသည် ၂၀၀၈ ခုနှစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ဒုတိယ မူကြမ်းပေါ်တွင် အခြေခံသည်။ UNFC ၏ ရည်မှန်းချက်များ- (မြန်မာပြည်တွင်)
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ဖက်ဒရယ် တပ်မတော် (FUA) တစ်ခု ထူထောင်ရန်၊ တိုင်းရင်းသား
ဒေသများအား အကာအကွယ်ပေးရန်တို့ ဖြစ်ပါသည်။ UWSA, NDAA နှင့် RCSS/SSA တို့သည် UNFC
၏ တရားဝင် အဖွဲ့ဝင်များအဖြစ် ပူးပေါင်းမှု မရှိပေ။သို့တစေ ရည်မှန်းချက်ပန်းတိုင်သည်ကား
ကွဲပြားခြားနားမှုမရှိကြပါချေ။
No comments:
Post a Comment