Monday, July 4, 2016

ဗမာတွေ ကြောက်နေသလား


စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို ဘာဖြစ်လို့ ကြောက်နေကြတာလည်း ...ကျနော်တို့ရဲ့ အဓိကပြဿနာဟာ ပြည်ထောင်စု ပြဿနာပဲဖြစ်တယ် ။ပြည်ထောင်စုကြီးကို အသစ်တဖန် ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ပြဿနာပါ။ ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ကဏ္ဍနှင့် ပြည်မကဏ္ဍကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ…ဒါကအဓိကပါ။ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး လူမျိုးအားလုံးရဲ့ပြဿနာကို ပြေလည်စွာကိုင်တွယ်ဖြေရှင်းနိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရအောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗမာတွေဟာ  “စစ်မှန်တဲ့ပြည်ထောင်စု”ဆိုတဲ့စကားကို သူတို့ပါးစပ်ကထွက်လာမှာကိုတောင် ကြောက်နေကြတယ်။ “ဖက်ဒရယ်” ဆိုတဲ့စကားလုံးကြားလိုက်တာနဲ့ တီကောင်ကိုဆားနဲ့တို့သလို တွန့်လိမ်ကုန်ကြတယ်လို့ တိုင်းရင်းသားလူမျိုးများက ပြောကြ၊ဆိုကြ၊ရေးကြ၊မေးနေကြသည်မှာ ကြာခဲ့ပါပြီ။
ဤမေးခွန်းကို ကျနော်တွေးကြည့်သည်။ ဖက်ဒရယ်နှင့်ဗမာသည် အဘယ်သို့နည်း။တိုင်းရင်းသားတို့ရေးသားသည့် ဖက်ဒရယ်မူများကိုလည်း မွှေနှောက်လေ့လာမိသည်။တွေ့ပါပြီ။
ညီနောင်ဘွားတို့၏ ဖက်ဒရယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ Federal Constitution Drafting and Coordinating Committee (FCDCC) မှ ဦးဆောင်ရေးဆွဲထားသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၇)ကို ပြင်ဆင်ရေးဆွဲထားသည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို အကောင်အထည်ဖေါ်လိုကြခြင်းသည်။  ဤမူကို ၂၀၀၅-ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့မှ (၁၂)ရက်ထိ ထိုင်းမြန်မာနယ်စပ်တနေရာတွင်ကျင်းပခဲ့သော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူများချမှတ်ရေး နှီးနှောဖလှယ်ပွဲမှ အားထုတ်ထားခြင်းဖြစ်၏။ ထိုနှီးနှောဖလှယ်ပွဲသို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးတို့မှ ခေါင်းဆောင်များ၊အမျိုးသမီးအဖွဲ့အစည်းများ၊လူငယ်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၆)ဦးတက်ရောက်၍ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူ(၈)ချက်ကို ချမှတ်ပေးခဲ့ပါသည်။ NCUB, NDF, UNLD(LA), NCGUB, KNPP, SDU, WLB, NY Forum, SYCB,တို့မှ ကိုယ်စားလှယ်များကိုရွေးချယ်၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ (FCDCC) ဖွဲ့စည်းကာ လမ်းညွှန်ချက်များနှင့်အညီရေးဆွဲခဲ့ကြခြင်းဖြစ်ပါသည်။၎င်း၏ ဒုတိယမူကြမ်း နိုင်ငံတော်ဖွဲ့ စည်းပုံတွင်--

ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(ဒုတိယမူကြမ်း)
The Constitution of the Federal Republic of the Union of Burma (Second Draft)
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့်ညှိနှိုင်းမှုကော်မတီ
Federal Constitution Drafting and Coordinating Committee
အခန်း(၃)
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
Member States of the Federal Union

ပုဒ်မ(၄၈) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
(က) ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး    အပြည့်အဝရှိစေရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများဖြင့် ဖွဲ့စည်းစေရမည်။
ပုဒ်မ(၄၉) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများ
(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ---
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကချင်အမျိုးသားပြည်နယ်
(၂) ကရင်အမျိုးသားပြည်နယ်
(၃) ကရင်နီအမျိုးသားပြည်နယ်
(၄) ချင်းအမျိုးသားပြည်နယ်
(၅) ဗမာအမျိုးသားပြည်နယ်
(၆) မွန်အမျိုးသားပြည်နယ်
(၇)တနင်္သာရီအမျိုးသားများပြည်နယ်
(၈) ရခိုင်အမျိုးသားပြည်နယ်
(၉) ရှမ်းအမျိုးသားပြည်နယ်
(၁၀)ဧရာဝတီအမျိုးသားများပြည်နယ်
(၁၁)--------------------------------------
(၁၂)--------------------------------------တို့ ဖြစ်ပါသည်။

ပြာဖုံးသည့်မီးခဲ


ပင်လုံသည် ပုံပြင်မဟုတ်၊ ဖခင်ဗိုလ်ချုပ်ကိုယ်တိုင် မဏ္ဍိုင်ပြုခဲ့ခြင်းဖြစ်ပါသည်။သို့သော် ပြီးပြည့်စုံသည့် စာချုပ်တော့မဖြစ်ခဲ့။ဤကာလမှ ဒေသနှင့်ပယောဂကို ကုစားပေးနိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ဗိုလ်ချုပ်အောင်ဆန်း၏ မွန်မြတ်သော စေတနာနှင့် တိုင်းရင်းသားတို့၏ဖြူစင်သောမနောတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ တနှစ်အတွင်းလွတ်လပ်ရေးဆိုသည့်ဆန္ဒနှင့် စက္ကူဖြူစာတန်း၏လိုအပ်ချက်ကို ဖြည့်စွက်ရန်အတွက် တက်သုတ်ရိုက်၍ မှတ်တိုင်စိုက်ခဲ့ ရခြင်းဖြစ်ပေသည်။
ပြည်ထောင်စုမူဝါဒကို ပင်လုံက စခဲ့သည်မှန်ပါ၏။သို့သော် အားနည်းချက်တွေတပုံတပင်။တိုင်းရင်းသားအားလုံး ရင်မခုံခဲ့ရ။ရှမ်း၊ကချင်နှင့်ချင်းတို့သာလျှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ စာဖြင့်ရေးသားထားသည့်ကတိကဝတ်   (The letter of agreement) နှင့် နှုတ်ကပြောကြားခဲ့သည့် ကတိကဝတ် (The spirit of agreement) တို့ဖြင့် သဘောတူထားခဲ့သော ပြည်ထောင်စု ပဋိညာဉ်ဖြစ်ပေသည်။ ပင်လုံမှာ ယုံတမ်းစကားတွေပြော ခဲ့ခြင်းလည်းမဟုတ်ပေ။။ကံခေသည်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံခံလိုက်ရခြင်း ပင်ဖြစ်ပါသည်။
ပင်လုံသည် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သလို ပြည်တွင်းစစ်ကြီး၏မီးစလည်းဖြစ်ခဲ့သည်။ရင်နင့်ဘွယ်ဖြစ်ရပ်မှာ စစ်အာဏာရှင်ကြီးများကိုမွေးဖွားပေးခဲ့ခြင်းပင်ဖြစ်သည်။ပြည်တွင်းစစ်သည် ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းခြင်းဖြစ်ပါ၏။ကိုယ်စိတ်နှစ်ပါး၏ ကြံ့ခိုင်မှုစွမ်းအားများကို ချိနဲ့ယိုင်လဲသွားစေခဲ့သည်။စစ်ဘေးရှောင်အိုးမဲ့အိမ်မဲ့များနှင့်ဆင်းရဲမွဲတေမှု၊ကလေးစစ်သားများနှင့် အမျိုးသမီး အကြမ်းဖက်မှုများ၊စာမတတ်သူဦးရေမြင့်တက်လာခြင်းနှင့် အခွင့်အလမ်းများရှားပါးမှု။ဘိန်းစိုက်ခင်းများနှင့် မူးယစ်ဆေးဝါး ပြဿနာ များ၊သစ်တောနှင့်သယံဇာတဆုံးရှုံးမှုများ၊ ဥပဒေမဲ့အခွန်အကောက်များနှင့်ဗိုလ်ကျစိုးမိုးသူများ၏အန္တရာယ်စသည့် ဘေးထွက်ဆိုးကျိုးတို့ သည် တောင်တန်းဒေသရှိတိုင်းရင်းသားတို့ဌာနေများတွင် ရင်ဆိုင်တွေ့ကြုံခံစားနေရပါ၏။
ဤအခြေအနေများကိုအဆုံးသတ်နိုင်ရန်အတွက် NLD အစိုးရသစ်မှ တာဝန်ယူရပေတော့မည်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်စာတွင် (၂၁)ရာစုပင်လုံဟူသည့်စာတန်းပါရှိသည်ကား ထူးခြားလှပါ၏။ကြားရသူတိုင်း အူတုန် အသဲတုန်ရှိမည်ထင်ပါသည်။အေ ကြွးတင်နေသည့် ပင်လုံကတိကဝတ်များကို တကယ်ပင်ဖြေရှင်းပေးနိုင်ပါမည်လား။သို့မဟုတ် နောက်ထပ်အကြွေးတွေများ ထပ်ပွါးသွားလေဦးမည်လားလို့ တွေးပူမိသည်။ တိုင်းရင်းသားညီနောင်များ၏ အနာပေါ်တုတ်ကျသလိုမျိုး ပိုမိုဆိုးးရွားသွားနိုင်သည့် ပြည်တွင်းစစ်ကြီးကိုလည်း မြင်ယောင်မိပြန်ပါသည်။ ၂၁ ပင်လုံညီလာခံသည် ပြာဖုံးသည့်မီးခဲကို ရဲရဲတောက်ပေါ်ထွက်လာစေပါလိမ့်မည်။မိခင်ဒေါ်စုသတိပြုရမည်မှာ--
ပင်လုံသည် ပြာဖုံးသည့်မီးခဲနှင့်တူ၏။ဝန်ကြီးချုပ်ဟောင်းဦးနုသည် ထိုမီးခဲကို လွန်ခဲ့သည့်နှစ်(၃၀)ကျော်က အမှတ်မထင် တက်နင်းမိခဲ့ဘူးပေပြီ။ A BRIEF HISTORY OF THE PARLIAMENTARY DEMOCRACY PARTY(BURMA (PDP) Burma’s Historical Facts (1962-2006) ကျမ်းစာအုပ်၏ စာမျက်နှာ(၅၃)တွင် အောက်ပါအတိုင်းဖေါ်ပြထားသည်ကို ဖတ်ရှုနိုင်ပါသည်။

Saturday, July 2, 2016

လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဦးတည်ချက်


လက်နက်ကိုင်တိုင်းရင်းသားလူမျိုးများ၏ရည်မှန်းချက်သည် မှန်းချက်နှင့် နှမ်းထွက်မကိုက်သေးပေ။တိုက်ရိုက်အကျိုး ဖြစ်ထွန်းသည် မှာ စစ်အာဏာရှင်စနစ်ဖြစ်နေသည်။ယနေ့ဂုဏ်ယူဝင့်ကြွား၍လေထွားနေသည်မှာ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်တည်း။ မြန်မာ့ကြည်း၊ရေ၊လေတပ်မတော်အင်အားရှိရေးအတွက် ပြည်သူတွေ ထမင်းတနပ်လျှော့စားပေးခဲ့ရသော်လည်း လက်တွေ့ အကျိုးထူးခံစားနေရသူများမှာ  စစ်ဗိုလ်ချုပ်ကြီးများနှင့်ဆွေတော်မျိုးတော်များ၊တန်ခိုးထွားနေသည့် တရုပ်ပေါက်ဖေါ်ကြီး များ၊ စည်ပင်သာ ယာဝပြောနေကြသည့်ကုလားကြီးများ၊ တိုင်းရင်းသားပေါင်းစုံတို့က အလုပ်အကြွေးပြုနေရသည့်ထိုင်းနိုင်ငံသူနှင့် နိုင်ငံသားများသာဖြစ်ပေ သည်။ ဗမာအပါအဝင် ကချင်၊ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင်၊ရှမ်းနှင့် အခြားတိုင်းရင်းသားအားလုံးသည် စစ်ကျွန်၊ခရိုနီကျွန်နှင့် အရင်းမပါ သည့် အမြတ်ကြီးစားလူ့ကပ်ဖားများ၏ကျွန်အဖြစ် နွံနစ်ခဲ့ကြရပေသည်။ ပြည်တွင်းစစ်ကားဖြစ်ပွား နေဆဲပင်။စစ်အာဏာရှင်နှင့်လက်နက်ကိုင်တော်လှန်ရေးသည် ဂျာအေးကိုသူ့အမေရိုက်သည့် ပုံပမာ သံသယာလည်နေပင်။ ကျနော်တို့တိုင်းပြည်၏ကံကြမ္မာသည် လက်နက်ကိုင်သူတို့ထံတွင် တည်ရှိနေဆဲဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် ပူးပေါင်းပါဝင်ညှိနှိုင်းအဖြေရှာနေကြ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အခြေအနေကို လေုလာကြည့်မိရာမှ့ လူနည်းစုအခွင့်အရေးများကို သတိထားမိသည်။ ကျနော့်နည်းတူ မြန်မာဟူသမျှ သိထားရမည်ဖြစ်ပေသည်။အရှိကိုသိထားပါက မြန်မာ့အရေးကို မှန်ကန်စွာတွေးဆနိုင်ပါလိမ့်မည်။ယနေ့မြန်မာ့အရေး သည် မြန်မာဟူသမျှတို့က ဝိုင်းကူရမည့်အခြေအနေပင်ဖြစ်ပေသည်။ဤအခါသမယတွင် ကျနော်လေ့လာမှတ်သားထားသည်မှ အကျဉ်းမျှ -ဖေါ်ပြအပ်ပါသည်။ပိုမိုပြည့်စုံစွာသိရှိလိုပါက www.mmpeacemonitor.org `& www.bnionline.net တို့တွင် ဝင်ရောက်၍ အားပေးကြည့်ရှုနိုင်ပါသည်။
  ဆက်လက်တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ--------
၁။ (AA) Arakan Army ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ် ဧပြီလ(၁၀)ရက်တွင် စတင်တည်ထောင်ပြီး ယာယီဌာနချုပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိမ်းချုပ်နယ်မြေမှာ ထားရှိသည်။ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကဦးဆောင်၍ အင်အား (၂၀၀၀+)ဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) ထိန်းချုပ်ရာဒေသတွင်လှုပ်ရှားလျှက်ရှိပါသည်။
၂။aa-k (ASA) Arakan State Army ရခိုင်ပြည်တပ်မတော်ကို ၂၀၁၀-ခုနှစ်တွင်တည်ထောင်ပြီး ဌာနချုပ်ကို (DKBA) ထိမ်းချုပ်ရာ ဒေသတွင်ထာရှီသည်။ ဗိုလ်မှူးကြီးမိုးထွေး(ခေါ်)မာန်ဇံဝေ (GOC-ရက္ခိုင့်တပ်မတော် ကဦးဆောင်၍ အင်အား (၁၅၀)ဖြင့် ကရင်ပြည်နယ် အတွင်းမှာ လှုပ်ရှားလျှက်ရှိပါသည်။


၃။kio (KIO) Kachin Independence Organization  ကချင်လွတ်မြောက်ရေးအဖွဲ့ကို ဖေဖေါ်ဝါရီလ ၅-ရက် ၁၉၆၁-ခုနှစ်တွင်စတင်တည်ထောင်ပြီး ဌာနချုပ်ကို ကချင်ပြည်နယ် လိုင်ဇာတွင် ထားရှိသည်။ဥက္ကဌ လန်ယော်ဇောင်းဟရား ကဦးဆောင်း၍ အင်အား(၁၀,၀၀၀)ဖြင့် ကချင်ပြည်နယ်တဝှမ်းနှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများမှာ လှုပ်ရှားလျှက်ရှိပါသည်။

Friday, July 1, 2016

အတိတ်လွမ်းဝေဒနာနှင့် မြန်မာပြည်တွင်းစစ်


မြန်မာ့ပြည်တွင်းစစ်ကို ခြေရာကောက်ကြည့်ပါက အတိတ်လွမ်းဝေဒနာမှ ဖြစ်ဖျားခံလာခြင်းဖြစ်၏။ရှေးပဝေသနီက ဘိုးဘွားဘီဘင် တို့၏ ပျော်စံရာဒေသ၊စကား၊စာပေ၊အနုပညာနှင့်ရိုးရာဓလေ့များနှင့်အတူ မျောပါစီးနင်းလာခဲ့ကြသည့် မျိုးချစ်စိတ်မှ ယိုဖိတ်လာ ခြင်းဖြစ်ပေသည်။ ပျော်ရွှင်ကြည်နူးခဲ့ရသည့် အတိတ်ကဖြစ်စဉ်များကို ပြန်လည်တွေးမိလေတိုင်း  မှန်းဆကာတမ်းတနေခြင်းကို အတိတ်လွမ်းဝေဒနာ Nostalgia ဟု ပြောစမှတ်ပြုကြပါသည်။ လူသားတဦးခြင်းစီနှင့်သက်ဆိုင်သော အတိတ်လွမ်းဝေဒနာသည် ကာလ၊ဒေသနှင့် ကိုယ်တိုင်ခံစားခဲ့ရသည့်ပယောဂတို့အပေါ်မူတည်၍  မတူညီနိုင်သလို လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့သည်လည်း ကွဲပြားခြားနားပါ၏။ မြန်မာတို့သည် ပထမမြန်မာအင်ပါယာအရှင် ဘုရင်နော်ရထာနှင့်ပုဂံကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော်ကွန်းတင်ကြ၊ဝမ်းမြောက်ဝမ်းသာစွာဖြင့်ဟောကြပြောကြသည်။ဒုတိယတိုင်းပြုပြည်ြု့ပုဘုရင့်နောင်နှင့်တောင်ငူ၏တေးရတုကဗျာ များဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပုံဖေါ်ကာ အမွှမ်းတင်ကြပါ၏။ ထို့အပြင် တတိယတိုင်းပြုပြည်ပြုဘုရင်ဦးအောင်ဇေယျ၏ ရတနာသိင်္ခမှ ဝါးရင်းတုတ်များအကြောင်းနှင့်ရွှေဗဟိုလ်စည်အလွမ်းတေးများကိုလည်းယနေ့ထိ သီဆိုရေးဖွဲ့လျှက်ပင်ရှိကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ရဲစွမ်းသတ္တိနှင့်လွတ်လပ်ရေး၊ပင်လုံနှင့်စတုတ္ထမြန်မာပြည်သမိုင်းသည်လည်း ယနေ့တိုင်းသားပြည်သူအား လုံး၏ နှစ်လုံးသားတွင် စွဲကပ်နေဆဲပင်။သူ့စွမ်းသူ့အင်နှင့်ပြည့်စုံသည့် ဤကမ္ဘာပေါ်ကမဟာလူသားများအား ဂုဏ်ပြုထောပနာ ပြုခြင်းသည် မင်္ဂလာတပါးဖြစ်သော်လည်း လူသားတိုင်းကကြိုဆိုလက်ခံနိုင်ပါ၏လော။ကျနော်တွေးတောကြည့်မိသည်။
တချိန်တည်းမှာပင် အမိမြေဖွား ရှမ်း၊ကချင်၊ကရင်၊မွန်နှင့်ရခိုင်စသည့် ညီနောင်ဖွားတို့သည်ကား ဘုရင်နော်ရထာအား ပုဂံကိုလိုနီအဖြစ် ကဗျည်းတင်ကြသည်။ ဘုရင့်နောင်နှင့်အလောင်းဘုရားကို ဗမာဖက်ဆစ်ဝါဒီဟူ၍ ခံယူထားကြသည်ကို လေ့လာဖတ်ရှုရပြန်ပါသည်။ အလောင်းဘုရား၊ဘုရင့်နောင်နှင့်အနော်ရထာခေတ်တို့ကို ကျော်လွန်၍ ထီးပြိုင်၊ နန်းပြိုင် ကိုယ်ပိုင်ခေတ်ကို တမ်းတနေကြပါ၏။ ကိုယ့်ဘုရင်၊ကိုယ့်စော်ဘွား၊ ကိုယ့်ဒူးဝါး၊ကိုယ့်စောဖျာ၊ ကိုယ့်စော်ကဲနှင့် ကိုယ့်တောင်ပိုင် ရမ်အုပ်များကို တင်မြှောက်၍ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ဟော်၊ကိုယ့်ကြငှန်းနှင့် ထီးဖြူဆောင်း။ ရွှေထီးဆောင်း၊ရွှေဓါးလွယ်ကိုင်၊ ငွေဓါးလွယ်ကိုင်  အဆောင်အယောင်အမျိုးမျိုးဖြင့် သီးခြားလွတ်လပ်စွာ အုပ်ချုပ်နေထိုင် လာခဲ့ကြသော ခေတ်တို့အား မှန်းဆကာ တမ်းတနေကြသည့်  အတိတ်လွမ်းဝေဒနာတို့သည်လည်း ယနေ့တိုင်လွမ်းခြုံနေဆဲ ပင်ဖြစ်ပါသည်။သို့သော်  ပင်လုံမြေတွင်   ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပဋိဥာဉ်ပြုခဲ့သည့် ဗိုလ်ချုပ်အောင်းဆန်းနှင့် သူ၏ရောင်းရင်းများကိုမူ ငြူစူမှုကင်းကြပါ၏။

Thursday, January 21, 2016

မဟာလူ့အဖွဲ့အစည်း Great Society


“ မောင်တို့  မယ်တို့  ခေတ်တွင် ကျနွု ပ်တို့  သည် ချမ်းသာကြယ်ွဝသော လူ့  အဖွဲ့ အစည်းနှင့်ခိုင်မာအားကောင်းသော လူ့  အဖွဲ့ အစည်းဆီသို့  တူရှုပြုကြရန် အခွင့်အလမ်းရှိ ယုံမျှမက မဟာလူ့  အဖွဲ့ အစည်းကြီးတရပ်ဆီသို့  တိုင်အောင် တက်လှမ်းနိုင်ကြပေတော့မည်” ဟု အမေရိကန်သမ္မတ လင်ဒန်ဂျန်ွဆင်က မစ်ချီဂန်တက္ကသိုလ် ဘနွှဲ့င်းသဘင်အခမ်းအနားမှာ ၁၉၆၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ပြောကြားခ့တဲ့ မိန့်ခနွ်းပါ။ ဒီစာတန်းကိုဖတ်မိပြီးနောက် အလိုအလျှောက်ပင် အမိမြန်မာပြည်အကြောင်းက ခေါင်းထဝဲင်လာပါတယ်။ ယနြေ့မင်တွေ့နေရတဲ့ ရှေးဟောင်းပုဂံမြို့တော်ကိုကြည့်၍ ရှေးခေတ်မြန်မာတို့ရဲ့ မဟာလူ့အဖွဲ့အစည်းကို ပုံဖေါ်ကြည့်မိတယ်။  ရှေးခေတ်ပုဂံနေပြည်တော်ကို လန်ွခတဲ့ နှဲစ်ပေါင်း တထောင်ကျော်ကာလ ခရစ်နှစ်(၈၄၉) ခုနှစ်၊ ဒီဇဘာင်္ (၂၃) ရက်နေ့ မြန်မာသက္ကရာဇ် (၂၁၁) ခုနှစ်၊ ပြာသိုလဆန်း (၆) ရက်နေတွ့င် ပျဉ်ပြားမင်းကြီးက ရဟန်းပညာရှိ(၄) ပါးနှင့် လူပညာရှိ (၄) ဦးတြို့ဖင့် ဦးဆောင်တည်ထောင်ခြဲ့ကတယ်လို့ သမိုင်းသုတေသီတို့က အတည်ပြုကြပါတယ်။ ရဟန်းပညာရှိလေးပါးမှာ တာမလိန္ဒ၊ ရှင်အာနန္ဒာ၊ ရှင်ဥတ္တရာနဲ့ ရှင်ဆပ္လတြို့ဖစ်ကြပြီး လူပညာရှိအမတ်လေးဦးတိုမှ့ာ စိန်မ့ င်းသား၊ ဟူးရားဖြူ၊ ဟူးရားညိုနဲ့ အင်ပြစ်(လင်းဘင်) ရွာသား ရာဇသကြင်္န်တို့ ဖြစ်တယ်လို့  လေ့လာသိရှိရပါတယ်။ ပုဂံမြို့ရဲ့ အကျယ်အဝန်းမှာ ၁၁၄၂ တာရှိပြီး မြို့တံခါးအမည်များမှာ သရပေ၊ သရပါ၊ သာတန်၊ငါးမြီးယပ်၊ ညောင်ဖြူ၊ သာစည်၊ မဂင်္လာ၊ မကြည်သာ၊ ဝင်းမနား၊ မတောင့်တ၊ ကလေးတံခါးစသည်တြို့ဖစ်တယ်။ ပစ္စင်၊ တုရင်းတိုင်၊ ပြအိုး၊ တန်ဆောင်း ကျုံးမြောင်း သုံးတန်နဲ့ သူရဲပြေးလမ်းများ ပတ်ရံလျှက် စနစ်တကျ တည်ထောင်ခဲ့ ကြတာပါ။နဝမမြောက်မင်းဆက် အနော်ရထာ မင်းကြီးက ခရစ်သက္ကရာဇ်(၁၀၄၄-၁၀၇၇) မှာ ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်ထူထောင်ခ့ရဲာတွင် သူ၏ အက္ခောဘဏီတပ် ကြီးကို အောက်ပါအတိုင်း ဖစွဲ့ည်းထားတယ်လို့ ဆိုပါတယ်။ ဆင်လူ =၂၆၂၄၄၀ မြင်းလူ = ၁၉၆၈၃၀ ရထားလူ = ၈၇၄၀၀ ခြေသည် = ၁၀၉၃၅၀ စုစုပေါင်း လူဦးရေ = ၆၅၆၀၂၀ ပါဝင်ပါတယ်။ လန်ွခ့တဲ့ နှစ်ပေါင်း (၉၀၀) ရာကျော် ပုဂံပြည့်ရှင်အနော်ရထာက သူ့ခေတ်သူ့အခါတွင် မဟာလူ့အဖွဲ့အစည်းကြီး တခုကို တည်ထောင်ခ့ဖဲူးးကြောင်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ထိုခေတ်ထိုအခါက ဒီခေတ်အမေရိကန်နိုင်ငံ ဆိုတာမရှိသေးပါ။ (၁၆) ရာစုအတွင်းမှာမှ (New world) ကမ္ဘာသစ်အဖြစ် စပိန်၊ ပြင်သစ်၊ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများက ဘာသာရေး၊ နိုင်ငံရေး၊ စီး ပွါးရေး လတ်ွလပ်ရေးတို့အတကွ် ရေသစ်မြေသစ်ရှာဖြွေကသူတို့ အခြေချနေထိုင်လာခြဲ့ကတာပါ။ အဲဒီအချိန်က အမေရိကန်တိုင်း ရင်းသားတေဟွာ အလန်ွကျယ်ပြောတဲ့ ခြုံပုတ်တောထမှဲာ အမလဲိုက်၍ အသက်မေွးမြူလျှက်ပဲရှိပါသေးတယ်။  ၁၆၀၇ ခုနှစ်အရောက်မှာ အင်္ဂလိပ်နယ်ချဲ့တေကွ စိုးမိုးလိုက်ပြီး ၁၆၃၆ ခုနှစ်မှာ Harvard Collegeကို စတင် ဖွင့်လှစ်ခ့တဲာပါ။ ၁၇၆၅-၆၈ ခုနှစ်မှာ ဗြိတိသျှပါလီမန်က အခန်ွတိုးကောက်တဲ့ ဥပဒေများ၊လတ်ွလပ်မှုကို ထိန်းချုပ်တဲ့ ဥပဒေများ ပြုလုပ်လာတ့အဲ တကွ် ၁၇၇၅ ခုနှစ်မှာ တော်လှန်ရေးတိုက်ပမျွဲား စတင်ခ့တဲာဖြစ်တယ်။ ၁၇၇၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံက အမေရိကန်တို့ဘက်မှပါဝင်ဆင်နွှဲပေးခတဲ့ အဲ တကွ် ၁၇၈၃ ခုနှစ်မှာ လတ်ွလပ်ရေး ရခ့တဲ ယ်။ စာချုပ်ကို ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ ချုပ်ဆိုခ့တဲာပါ။ ၁၇၈၈ ခုနှစ်မှာ အမေရိကန်အခြေခံဥပဒေဟာ အသက်ဝင်လာပြီး ၁၇၈၉ ခုနှစ်မှာ အမေရိကန်ရဲ့ ပထမဦးဆုံး သမ္မတအဖြစ် George Washington  ဂျော့ဝါရှင်တန်က ဦးဆောင်လာခ့တဲာဖြစ်ပါတယ်။
6  
ယနေ့ အမေရိကန်ဟာ ရှေးဟောင်းပုဂံပြည်နှင့် နှိုင်းစပါက သက်တမ်း (၉၀၀) ကိုးရာကျော် နောက်ကျတာကို တြွေ့မင်ရ မှာပါ။ သို့သော် ဒီကနေမှ့ာတော့ အမေရိကန်က ကမ္ဘာ့ထိပ်သီးနိုင်ငံအဖြစ် ရပ်တည်လျှက်ပါ။ အမိမြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ရဲ့ ဖြွံ့ဖိုးတိုးတက်မှုကို နှိုင်းယှဉ်ကြည့်ပါက ပြောင်းပြန်အချိုးကျဖြစ်နေတာကို စိတ်ပျက်ဖယ်ွရာတြွေ့မင်ရမှာပါ။ အဖြေက ရှင်းရှင်းလေး ပါ။ ကျနော်တို့ခေတ်မှ ညံ့ခြဲ့ကတယ်ဆိုတာ ယနေ့အမိမြန်မာပြည်က သက်သေခံလျှက် ရှိနေပါတယ်။ ကျနော်တိုတို့င်းပြည်၏ အစိုးရ ကောင်းတရပ် ရရှိရေးအတကွ် ကျနော်တို့၏ စံတန်ဖိုးကို အဆတရာမက မြှင့်တင်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ခေတ်ပြောင်းတော်လှန်ရေးအတကွ် ကနဦးအစမှာ ဒီနိုင်ငံသူနိုင်ငံသားတေကွို ဘက်ပေါင်းစုံ အဆင့်မြင့်ဖို့ လိုအပ်တ့သဲ ဘောပါ။  ဒီနေရာမှာ အမိနိုင်ငံအတကွ် ကောင်းမြတ်တဲ့ အစိုးရတရပ်ပေါ်တက်ွလာဖိုကျ့နော်ပေးနိုင်တာက ကျနော့်အတွေ့အကြုံနဲ့ ကျနော့်အတေွးအမြင်တေပွါ။လူငယ်မောင်မယ်တို့က ဖြည့်စက်ွအသုံးချနိုင်မှာဖြစ်ပါတယ်။ ကျနော့်အတွေ့အကြုံက၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပါအဝင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စတ့လဲ က်နက်မဲ့ တော်လှန်ရေးတေပွါ။ ကျနော့်အတေွးကဏ္ဍမှာတော့ လက်နက်မ့ေဲ တ်ာလှန်ရေးအတွက် လိုအပ်ချက်တေနွဲ့ ကျနော့်အမြင်တွေ ဆန္ဒတေပွါဝင်ပါတယ်။